သွားတွင် အရောင်များစွန်းထင်းခြင်း
25-Feb-2017
သွားအရောင် ညိုတာ၊ ဝါတာတွေက ကော်ဖီ၊ လက်ဖက်၊ ဆိုဒါနဲ့ ဝိုင်အနီသောက် တာတွေကြောင့်ပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်တဲ့ သွားတိုက်ဆေးက သွားမှာရှိတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားရှင်းလင်းပေးပါလိမ့်မယ်။ အမည်းစက်၊ အညိုစက်တွေ ရှိနေတာ၊ အနီရောင်၊ အပြာရောင်သန်းနေတာမျိုးတွေ သွားမှာတွေ့ပါက သွားနဲ့တာ၊ သွားကျိုးချင်တာမျိုး ဖြစ်နိုင်လို့ သွားနှင့်ခံတွင်းဆရာဝန်ကို ပြသစစ်ဆေးပါ။
ကျန်းမာရေးနှင့် ဆက်စပ်မှု
သွားမှာ အဖြူစက်၊ အဝါစက်၊ အညိုစက်တွေနဲ့ အပေါက်တွေ၊ အချိုင့်တွေ ရှိနေတာ က အူသိမ်ရောဂါနှင့် ဆက်စပ်နေပါတယ်။ အူသိမ်ရောဂါရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ သွားကြွေလွှာနဲ့ပတ်သက်တဲ့ ပြဿနာတချို့ ခံစားနေရတာကို တွေ့ရှိရပါတယ်။ ကလေးဘဝကတည်းက အူသိမ်ရောဂါရှိသူတွေဟာ အာဟာရချို့တဲ့ပြီး သွားကြွေလွှာဖွံ့ဖြိုးမှုကို ထိခိုက်စေတာ တွေ့ရပါတယ်။ ပဋိဇီဝဆေးဖြစ်တဲ့ တက်ထရာဆိုက်ကလင်းဆေးကလည်း ကလေးသွားကြွေလွှာကို အရောင်ပြောင်းစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.260, March 2014, Pg.164
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
